ပင်လယ်ထဲတစ်လနီးပါးမျောပါနေခဲ့သည့် ငါးဖမ်းသင်္ဘောသားတွေကို ထိုင်းတော်ဝင်ရေတပ်ကယ်တင်

ဇန်နဝါရီ ၁၉ ရက်ကတည်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းကနေထွက်ခွာပြီး တစ်ပတ် အကြာမှာ ငါးဖမ်းစက်လှေ အင်ဂျင်စက်ချို့ယွင်းမှုကြောင့် ပင်လယ်ပြင်ထဲ တစ်လနီးပါး မျောပါခဲ့ ပြီးနောက် မြန်မာနိုင်ငံသားတွေပါဝင်တဲ့ ငါးဖမ်းသင်္ဘောသားတွေကို အသက်ရှင်လျက်ကယ် ဆယ်နိုင်ခဲ့ပါတယ်။

ငါးဖမ်းစက်လှေနဲ့ အဆက်အသွယ်ပြတ်တောက် ပြီးနောက် ထိုင်းတော်ဝင် ရေတပ်ဟာကြီးမားတဲ့ ရှာဖွေကယ်ဆယ်ရေးတွေကို စတင်လုပ် ဆောင်ခဲ့ပြီး ရေကြောင်းနဲ့ လေကြောင်း ရှာဖွေမှုတွေ ပူးပေါင်းလုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် မနက် ၉ နာရီ မှာ တော်ဝင်ရေတပ် နယ်မြေကွပ်ကဲမှု အဖွဲ့က ဖူးခက် မြို့အ နောက် တောင်ဘက် ရေမိုင် ၄၂ မိုင်အကွာက ငါးဖမ်းစက်လှေအုပ်စု ဆွိုင် ဆာကူးလ် ပီတက် ချ် နဲ့ ရေဒီယို အဆက်အ သွယ်ပြုလုပ်ခဲ့ကြောင်း ဖူးခက်ဒေသ ဆိပ်ကမ်းရုံးကနေ အကြောင်းကြားခဲ့ပါ တယ်။

တတိယ နယ်မြေကွပ်ကဲရေးမှူး ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး အပါ ကွန် ယူခေါင် ခယူးက လေယာဉ် တစ်စင်းကို မနက် ၁၁ နာရီ ၁၉ မိနစ်ထိ နယ်မြေ ကင်းလှည့်ဖို့ ညွှန်ကြားခဲ့ပြီး ပျောက်ဆုံး နေတဲ့ လှေကိုတွေ့ရှိခဲ့ပါတယ်။

ရေတပ်ဟာ ငါးဖမ်း သင်္ဘောအမှုထမ်း၄ ဦး ထိုင်းလူမျိုး ၂ ဦးနဲ့ မြန်မာနိုင်ငံ သား ၂ ဦးတို့ကို အကူအညီပေးဖို့ ကနဦး ရဟတ်ယာဉ်တစ်စင်းကို စေလွှတ်ပေးခဲ့ပြီး မွန်းတည့် ၁၂ နာရီမှာ သင်္ဘောသား တွေဆီ ရောက်ခဲ့ပါတယ်။

အဲ့ဒီနောက် သင်္ဘောသားတွေကို စပိဘုတ်နဲ့ ကမ်းစပ်ကို ပို့ဆောင်ကယ်ဆယ် ပေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ငါးဖမ်းစက်လှေပေါ် လိုက်ပါလာတဲ့ ထိုင်းနိုင်ငံသား သင်္ဘောသား ရန် ခန်းလူးဝေါင်က သူတို့ ငါးဖမ်းလှေရဲ့ အင်ဂျင်ပျက်သွားပြီးနောက် ဇန်နဝါရီလ ၂၆ ရက်က စတင်မျောပါသွားခဲ့ ကြောင်းရေတပ်ကို ပြောကြားခဲ့ပါတယ်။ တစ်လနီးပါးကြာ ပင်လယ်ထဲ မျောပါခဲ့တဲ့ ငါးဖမ်းသမား သင်္ဘောသားတွေဟာ ငါးစိမ်းတွေကို ဖမ်းပြီး စားသောက်ခဲ့ကာ အသက်ဆက်ခဲ့ရ ကြောင်းလည်း ရှင်းပြခဲ့ပြီး အခုတော့ လေးဦးစလုံးရဲ့ ကျန်းမာရေးအခြေအနေဟာ တည်ငြိမ်လျက်ရှိတယ်လို့ သိရပါတယ်။