တရုတ်အပေါ် အမေရိကန်တို့၏ သဘောထားအမြင်

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့နံပါတ်”၁” နေရာသို့ရောက်ရှိလာနိုင်ခြင်းနှင့် ပက်သက်၍ အငြင်းပွားမှုများ ရှိနေသော်လည်း ကမ္ဘ့တစ်လွှားတွင် ၎င်းတို့၏ စီးပွားရေး အင်အားနှင့် စစ်ရေးအင်အား ချဲ့ထွင်လာမှုများက အမေရိကန်နိုင်ငံ၏ ရပ်တည်မှုကို ခြိမ်းခြောက်လာနေသည်ဟု အမေရိကန်ဘက်မှ မှတ်ယူထားပါသည်။

တရုတ်နိုင်ငံသမ္မတ Xi အနေဖြင့် Blinken နှင့်တွေ့ဆုံရာတွင် သမရိုးကျမဟုတ်သည့်အင်္ဂလိပ်အက္ခရာ U ပုံစံစာပွဲဝိုင်းတွင် Blinken နှင့်တရုတ်နိုင်ငံတာဝန်ရှိသူများအား ၎င်းနှင့် ခပ်လှမ်းလှမ်းတွင် နေရာချ၍ တွေ့ဆုံခဲ့ပြီး သာမန်မဟုတ်သည့် သံတမန်ရေး တွေ့ဆုံမှု အခင်းအကျင်းအဖြစ် ရှုမြင်နိုင်ပါသည်။ Blinken အားဖိတ်ကြားမှုတွင်လည်း တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အရဟု ခေါင်းစဉ်မတပ်ခဲ့ဘဲ အမေရိကန်နှင့် တရုတ်နိုင်ငံအကြား သဘောတူညီမှုအရ “As Agreed Between China and the Us” ဟုသာ ခေါင်းစဉ် တပ်ခဲ့သည်ကို တွေ့ရှိရပါသည်။

Xi နှင့်တွေ့ဆုံမှုအပြီး Blinken ၏သတင်းထောက်များကို ဖြေကြားမှုတွင် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း ” Us Does not Support Taiwan independence” ပြောကြားချက်က Republican အမတ်များကို စိတ်ပျက်မှုများဖြစ်ပေါ်စေခဲ့ပြီး Blinken အပေါ်ဝေဖန်မှုများ ဖြစ်ပေါ်လာစေသည်ကို တွေ့ရှိရပါသည်။

ယခုတွေ့ဆုံမှုနှင့် ပက်သက်ပြီး နှစ်နိုင်ငံစလုံမှ သံတမန်ရေးအရ အပြုသဘောဆောင်သည့်ဘက်မှ ထုတ်ပြန်ချက်များကို တွေ့ရသော်လည််း လက်တွေ့တွင် အမေရိကန်နိုင်ငံအတွက် မည်သို့သော ထိရောက်သည့် ရလဒ်မှ မထွက်ခဲ့ဘဲ တရုတ်နိုင်ငံအတွက်သာ သံတမန်ရေးအားသာချက်များ ရရှိခဲ့ကြောင်း တွေ့မြင်နိုင်ပါတယ်။