အမေရိကန် ဘိုးလင်းအားကစားရုံ ပစ်ခတ်မှုဖြစ်ပွားပြီး ၂၂ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ Lewiston က ဘိုးလင်းကစားရုံနဲ့ ဘားတခုအပါအဝင် နေရာအများအပြားမှာ ဗုဒ္ဓဟူးနေ့ညပိုင်းက အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦးသေဆုံးကာ ၆၀ နီးပါးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေနတ်သမားတဦးက ပစ်ခတ်ခဲ့တာလို့ ပြည်နယ်နဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး သံသယရှိသူကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ သံသယရှိသူဟာ အော်တိုမက်တစ်ရိုင်ဖယ်ကို ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပြီး သတင်းပေးဖို့အတွက်လည်း ပြည်သူတွေကို အကူအညီတောင်းဆိုထားပါတယ်။

ရိုင်ဖယ်သေနတ်တစ်လက်၊ ဂျင်းဘောင်းဘီ ၊ အညိုရောင် အင်္ကျီဝတ်ထားတဲ့ မုတ်ဆိတ်မွှေးပါ အမျိုးသားတဦးဖြစ်ကာ အခုထိတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ထုတ်ဖော်နိုင်မှုတွေအရ သေနတ်သမားဟာ အရန်တပ်နယ်မြေမှာ လေ့ကျင့်သင်ကြားပေးနေတဲ့ သေနတ်နည်းပြဆရာလို့ သိရကာ စိတ်ကျန်းမာရေးပြသနာရှိသူတဦးဖြစ်တယ်ဆိုတာကိုလည်း မကြာသေးမီက အစီရင်ခံစာတွေအရ သိရှိရပါတယ်။ သူဟာ ၂၀၂၃ နွေရာသီတုန်းကမှ စိတ်ကျန်းမာရေးဌာနမှာ ခံဝန်ချက်ထိုးပြီး လွတ်မြောက်လာခဲ့တဲ့သူလည်း ဖြစ်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လူပေါင်း ၃၈၀၀၀ နေထိုင်တဲ့ Lewiston အတွက်တော့ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်တခုအဖြစ် ရှိလာခဲ့ပါတယ်။

မိန်းပြည်နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်အမတ်တွေနဲ့ သမ္မတဂျိုးဘိုင်ဒင်က စကားပြောဆိုခဲ့ကာ လိုအပ်တဲ့ ထောက်ပံ့မှုတွေလုပ်ပေးမယ်လို့ ဆိုခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ နောက်ပိုင်း အမေရိကန်မှာ အဆိုးရွားဆုံးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး သေဆုံးအရေအတွက်ဟာ ၁၀ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှုအရေအတွက်နဲ့ တူညီနေခဲ့ပါတယ်။