ဂါဇာဒေသ နောက်ဆုံးအခြေအနေများ

အစ္စရေးအနေနဲ့ ဟားမတ်စ်ပစ်မှတ်တွေကို ကြီးမားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို အစ္စရေးကာကွယ်ရေးတပ်ဖွဲ (IDF) က ဒီနေ့မနက်အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ ဒီနေ့ဆိုရင် ဒီ ပဋိပက္ခဟာ ၆ ရက်တိုင် ရှိလာခဲ့ပါပြီ။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို အဆက်မပြတ်ရင်ဆိုင်နေရတဲ့ ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းက ပိုမိုပျံ့နှံနေပြီး လူပေါင်း ၃၃၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို ကုလက ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။

စနေနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြီးနောက် ဂါဇာမှာ လူပေါင်း ၁၂၀၀ နီးပါးသေဆုံးခဲ့ကာ အစ္စရေးဘက်ကလည်း အလားတူထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးကလည်း တောင်ဘက်နယ်စပ်တလျှောက်မှာ အရန်တပ်သား ၃ သိန်းကျော်ကို စုဆောင်းထားပြီး ဂါဇာကို မြေပြင်ကနေ ဝင်ရောက်မယ်လို မျှော်လင့်ရပါတယ်။