တရုတ်-လာအို-မြန်မာ-ထိုင်း(၄)နိုင်ငံ ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုစတင်

တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၏ (၁၂၄) ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တရားဝင်စတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
ယခုအကြိမ်လှုပ်ရှားမှုကာလအတွင်း၌ လေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများက မဲခေါင်မြစ် ရွှေတြိဂံ အထက်
မြစ်ဝှမ်း ၁၁ ကီလိုမီတာ အကွာက လာအိုနိုင်ငံ Mengmo ပင်လယ်ရေပြင်တွင် ဖေးမကူညီ – ၂၀၂၂ ပူးတွဲ
လေ့ကျင့်မှု ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်လေ့ကျင့်မှုတွင် မှောင်ခိုပြည်ဝင်မှု၊ မူးယစ်ဆေးဝါးစသည့် ပြစ်မှုကျူးလွန်မှုများအား ကြည်းရေပူးတွဲ
တိုက်ဖျက်ခြင်းအား အဓိကအကြောင်းအရာအဖြစ်ထားရှိမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ တရုတ်-လာအို-မြန်မာ-ထိုင်းလေး
နိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲဝင်များ ပူးတွဲလှုပ်ရှားမှု၊ အရေးပေါ်နှင့် ရုတ်တရက်ဖြစ်ပွားသောကိစ္စ များအား
ဖြေရှင်းမှုနှင့် ပူးတွဲစစ်ဆင်သည့်စွမ်းရည်များကို စစ်ဆေး၍ မြှင့်တင်ရန်ဖြစ်ကြောင်း သိရသည်။