ကရင်နှစ်သစ်ကူးပွဲတော် တိုင်းရင်းသားကျေးရွာမှာ စည်ကားစွာကျင်းပသွားမည်

ဒီဇင်ဘာ ၂၀ရက်က လာမယ့်ဒီဇင်ဘာ၂၂ရက်မှာ ကျရောက်မယ့် ကရင်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့တိုင်းရင်းသား
ကျေးရွာမှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ကြောင်း ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီက သိရပါ
တယ်။ ယခင်နှစ်တွေက ကရင်နှစ်သစ်ကူးပွဲတော်ကို အင်းစိန်မြို့နယ်က အာလိန်ငါးဆင့်ဘုရားဝင်းအတွင်းကျင်းပခဲ့ပြီး
ယခုနှစ် ရဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကိုတော့ အဆိုပါဘုရားဝင်းအတွင်း အကျဉ်းချုံးပြုလုပ်မှာဖြစ်ကာ တိုင်းအဆင့်
ကရင်နှစ်သစ်ကူးပွဲတော်ကိုတော့ တိုင်းရင်းသားကျေးရွာမှာ စည်ကားစွာပြုလုပ်မယ်လို့ ဆိုပါတယ်။
လာမယ့် ကရင်နှစ်သစ်ကူးနေ့ မှာပြုလုပ်မယ့် တိုင်းအဆင့်ပွဲတော်မှာ အစီစဉ်၄ ခုနဲ့ပြုလုပ်မှာဖြစ်ရာ ကရင်အမျိုးသား
အလံတင်အခမ်းအနား ၊ ကရင် နှစ်သစ်ကူးအထိမ်းအမှတ်ဟောပြောပွဲ ၊ ရိုးရာက ပြဖျော်ဖြေပွဲ ၊ ရိုးရာအစားအသောက်
ကျွေးမွေးပွဲ စတာတွေ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
ရန်ကုန်မြို့အနေနဲ့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို တိုင်းရင်းသားကျေးရွာ ၊ အာလိန်ငါးဆင့်ဘုရားဝင်းအတွင်းနဲ့
အလုံမြို့နယ်သာသနာဝင်းတွေမှာ ကျင်းပမှာဖြစ်သလို အခြားကရင်ကျေးရွာတွေရှိတဲ့ မှော်ဘီ၊ တိုက်ကြီး၊ ကော့မှူး၊
ထန်းတပင်နဲ့ ဒလ မြို့နယ်တွေမှာလည်း ကရင်နှစ်သစ်ကူးပွဲတွေကျင်းပသွားမယ်လို့ သိရပါတယ်