သုဝဏ္ဏဘောလုံးကွင်းအနီး ယာဥ်တိမ်းမှောက်မှု၌ သေဆုံးသူတစ်ဦးမှာ DJ- နောင်နောင်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြိုနယ်၊ ဆ/သုမင်္ဂလာရပ်ကွက်၊ သုဝဏ္ဏဘောလုံးကွင်းအနီး ဝေဇယန္တာလမ်းမပေါ်၌ ဧပြီ ၃ ရက်၊ ည ၁၁ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်အတွင်း သေဆုံးသွားသူ အမျိုးသား ၂ ဦးအနက် တစ်ဦးမှာ DJ- နောင်နောင် (MC Naung Naung) ဖြစ်တယ်လို သိရပါတယ်။

တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ အဆိုပါ Honda Fit ကားပေါ်မှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို လိုက်ပါလာတာဖြစ်ပြီး Club မှ ဖျော်ဖြေပြီးအပြန် အရှိန်လွန်ကာ ဓာတ်တိုင်ကို ဝင်တိုက်မိပြီးမှ ရေအနည်းငယ်ရှိနေတဲ့ လမ်းဘေးကန်စွန်းခင်းထဲ ပြုတ်ကျခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

သေဆုံးသူ DJ နောင်နောင်ဟာ CUBA Bar မှာ Dj ဖွင့်လှစ်တီးခတ်သူဖြစ်ကာ မြောက်ဒဂုံ၊ မဟာမြိုင်အိမ်ယာမှာ နေထိုင်သူဖြစ်တယ်လိုသိရပြီး သူတိုအတူပါလာတဲ့ အမျိုးသမီးကတော့ ပေါင်ကျိုးဒဏ်ရာရရှိခဲ့တယ်လို သိရပါတယ်။