အမေအိုရင် ကလေးလေးလို ….👩‍🚒👸👩‍🚒

အမေအိုရင် ကလေးလေးလို
စကားအများ ပြောတတ်တယ် !

အမေအိုရင် ကလေးလေး လို
အဖော်မဲ့ အားငယ်စိတ်တွေနဲ့
ငိုနေတတ်တယ် !

အမေအိုရင် ကလေးလေး လို
ကျွေးသူ ပံ့ပိုးသူ ကိုမျှော်လင့်နေတတ်တယ် !

အမေအိုရင် ကလေးလေး လို
နေရာ မရှောင် ကျင်ကြီး ကျင်ငယ်
စွန့်တတ်တယ် !

အမေ အိုရင် ကလေးလေး လို
အသွားအလာ အထိုင်အထ
မတည်မြဲ တော့ ဘူး !

တစ်ဖန် အသစ် ပြန်လည်ဖြစ်သွားတဲ့ အမေ ရယ် !
ရက်စက်တဲ့ သူတို့အတွေးထဲ မှာတော့
အမေ့ကို သူငယ်ပြန်သည်တဲ့ လား ?
ရက်စက်လိုက်ကြတာ နော် !!!!!!!!!!!

သားသမီး ငယ်ငယ် ချစ်စဖွယ်
တွတ်တီးတွတ်တာ ဒီရင်မှာ
ဆည်းလည်းသံ ပမာ မည်ခဲ့ တာ !

ရင်သွေးမယ်မယ် စိုးရိမ် ဖွယ်
အဖော်မဲ့ မထား ရင်ဝှက်သား
ထွေးပွေ့ခဲ့တာ မိဘ နှစ်ပါး !!!!!

ဆယ်ယောက်ရင်သွေး
မငတ်မွတ်ရေးက ကြီးစွာ တာဝန်
အဖေအမေ ထမ်းဆောင်နိုင်၏ ။
မိဘ နှစ်ပါး မငတ်မွတ်ရေး က
ဆယ်ယောက်ရင်သွေး တာဝန်လေး၏ ။

ရင်ခွင် ကျင်ကြီး ၊ ကျင်ငယ် စွန့်ပြီး
အမေ့ရင်ခွင် စုန်ကန်ခင်က အမေ ပျော်နေခဲ့တယ် ။
အမေ အိုတော့ မထူနိုင် မထနိူင်
နေရာမရှောင် ကျင်ကြီး ကျင်ငယ်စွန့်တော့
စိတ်မနှံ့တော့ဘူး သူငယ်ပြန်နေသည် တဲ့လား !!!!

သားတို့ငယ်ငယ် လမ်းလျှောက်သင်စ
အမိနဲ့ အဖက ထူထူထထ စိတ်ရှည်ကြတာ
မှတ်မိပါလေစ ။

အမေအဖေ အိုတော့ မထူနိုင် မထ
နိူင်တော့ဘူး…
ပါးရည် နားရည် တွန့်နေတဲ အမေနဲ့ အဖေ့ အနား….
ချွေးနံ့ နံတော့ မကပ်ချင်ကြတော့ဘူး !

ပစ်ထားမိတဲ့ ကံတွေကြောင့် ဝဋ်ကြွေးတွေ
သံသရာမှာ တစ်ပတ်လည်လာတဲ့ အခါ
သင် ခံနိူင်ရည် ရှိပါစေ !!!!!

အဖေ အမေက ခွင့်လွှတ်ပေမဲ့
လောကကြီးက….
ခွင့်မလွှတ်လို့ ဒဏ်ခတ် တဲ့အခါ ဆယ်ဆ မကအပြစ်ခံရတတ်ပါတယ် ။

အဲ့ဒိအချိန် အဖေ အမေတွေ
အနားမရှိတော့တဲ့အခါ….
သင်နောင်တတွေ နဲ့ အရမ်းခံစားနေရ
ပါလိမ့်မယ်။
အမေ၊အဖေ…
ရှိနေခိုက်လေးမာဂရုစိုက်တတ်ကြပါစေ။