PSG နဲ့ လမ်းခွဲဖို့ အသင့် ဖြစ်နေတဲ့ မက်ဆီ

မက်ဆီဟာ ပီအက်စ်ဂျီမှာ ဆက်မနေတော့မယ့် အနေအထားမှာရှိနေတယ်လို့ ပြင်သစ်သတင်းစာ L’Euipe က ဆိုပါတယ်။
မက်ဆီရဲ့ လက်ရှိစာချုပ်က ဇွန်လကုန်မှာ သက်တမ်းကုန်မှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ ဖြစ်နိုင်ခြေကလဲ နည်းပါးနေတာနဲ့အတူ ဒီနွေရာသီမှာ ပီအက်စ်ဂျီကစားသမားဘဝကို အဆုံးသတ်ဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ မူလစာချုပ်ပါ သဘောတူညီမှုအရ မက်ဆီကို နောက်ထပ် ၁၂လ သက်တမ်းထပ်တိုးကမ်းလှမ်းဖို့ ရွေးချယ်စရာ ရှိပေမယ့် အသက် ၃၅နှစ်အရွယ်ကစားသမားက အသင်းကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေ များနေတာပါ။
ဘာစီလိုနာအသင်းဟာ မက်ဆီကို ကတ်တလန်ဆီ ပြန်ခေါ်ဖို့ ကြိုးစားနေတဲ့အကြောင်း ဒုတိယဥက္ကဌက ဝန်ခံခဲ့သလို ပီအက်စ်ဂျီပရိသတ်တွေဟာ လိုင်ယွန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအတွင်း မက်ဆီကို လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။
ဒီအခြေအနေဟာ အဆုံးသတ်ကို ရောက်ရှိခဲ့ပြီဖြစ်ပြီး မက်ဆီနဲ့ ပီအက်စ်ဂျီတို့ဟာ လမ်းခွဲဖို့ အသင့်ဖြစ်နေကြတယ်လို့ ပြင်သစ်သတင်းစာရဲ့ ရှေ့မျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။
မက်ဆီဟာ နောက်လမှာ လက်ရှိစာချုပ်ကို အဆုံးသတ်တော့မှာဖြစ်တာနဲ့အတူ နောက်ရာသီမှာ မက်ဆီနဲ့ ပီအက်စ်ဂျီကို အတူတူတွဲမြင်ရတော့မှာ မဟုတ်ပါဘူး။

crd;