မတ်လ ၂၆ ရက်နေ့မှုခင်းသတင်းများ

-မတ်လ ၂၅ ရက် ၁၀၃၀ နာရီတွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်ဘွားလ်ရပ်ကွက်၊ မြို့မရပ်ကွက်နှင့် စကောလမ်း ရပ်ကွက်များသို့ CDF (Zoland) အကြမ်းဖက်အဖွဲ့သည် အရပ်ဝတ်များဖြင့် ရောက်ရှိလာခဲ့ပြီး ဦးရှန်းခန့်ခွါလ်(၅၈)နှစ်၊ ဦးကပ်ဆွင်းခွါလ်(၃၆)နှစ်၊ ဦးနန်ဆွင်းဂင့်(၅၀)နှစ်၊ ဦးခွါလ်လျန်းမုန်(၅၅)နှစ်၊ နှင့် ဦးလျန်းလမ့်ခိုင်(၄၇)နှစ် တီးတိန်မြို့နေသူ ၅ ဦးအား ဆဲဇန်ကျေးရွာဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-မတ်လ ၂၅ ရက် ၁၃၄၅ နာရီတွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင်နေထိုင်သော ဦးဆန်းဝင်း (၅၆)နှစ်သည် ကိုထိုက် (၃၅)နှစ်၊ ဆိုင်ကယ်ပြင်လုပ်ငန်းလုပ်ကိုင်သူ၏ဆိုင်၌ ရှိနေစဉ် PDF အကြမ်းဖက် အင်အား ၄၀ ဦး ခန့်သည် အနောက်ဘက်သုဿန်ဘက်မှ ရောက်ရှိလာပြီး ဦးဆန်းဝင်း၊ ကိုထိုက်နှင့် ကိုထိုက်၏ဖခင် ဦးသန်းမြင့် (၆၇)နှစ်တို့ ၃ ဦးအား ဖမ်းဆီး၍ လာလမ်းအတိုင်း ထွက်ခွာသွားကြောင်း သိရှိရ။

-မတ်လ ၂၅ ရက် ၁၉၃၀ နာရီတွင် မင်းတုန်းမြို့နယ်၊ သမင်ကတုတ်ကျေးရွာတွင်နေထိုင်သော ဦးဝင်းအောင် (၄၉) နှစ်၊ တောင်သူ လုပ်ကိုင်သူသည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက် ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးဝင်းအောင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သမင်ကတုတ်ကျေးရွာ အနောက်ဘက် ၄ မိုင်ခန့်အကွာရှိ ဂန့်ဂါတဲတိုက်(ဒေသအခေါ်)သို့ ရောက်ရှိစဉ် အကြမ်းဖက်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရ။

-မတ်လ ၂၅ ရက် ၀၃၃၀ နာရီတွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာတွင်နေထိုင်သော ဦးသောင်းကြည် (၆၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့်သည် လက်နက်ကိုယ်စီဖြင့် ရောက်ရှိ လာပြီး ဦးသောင်းကြည်အား ကြိုးတုတ်ကာ ဘော်ဘင်ဆည်အထက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-မတ်လ ၂၅ ရက် ၁၇၀၀ နာရီတွင် ဖြူးမြို့နယ်၊ ဇီးခုံကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင်နေထိုင်သော ဦးငြိမ်းချမ်းအောင်(ခ)ရှမ်းကြီး (၃၇)နှစ်သည် ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဖြူး မြို့နယ်၊ တံခွန်တိုင်ကျေးရွာ  ဖြူး-အုတ်ဖြတ်သွားကားလမ်းမပေါ်တွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထား သည့် PDF အကြမ်းဖက် ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၆ ဦးခန့်မှ ဆိုင်ကယ် ၃ စီးဖြင့် ဦးငြိမ်းချမ်းအောင် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စေပြီး ဖမ်းဆီးခေါ်ဆောင်သွဦးခဲ့ကြောင်း သိရှိရ။