ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆီးရီးယားနှင့် မြန်မာ ယနေ့ကစားမည်

၂၀၂၆ ကမ္ဘာ့ဖလား ဒုတယအဆင့်ခြေစစ်ပွဲစဉ်အဖြစ် အုပ်စုပွဲစဉ်(၄) ကို မတ် ၂၆ ရက် ယနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဆီးရီးယားအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

ဆီးရီးယားအသင်းသည် အိမ်ကွင်းပွဲများကို ဆော်ဒီအာရေဗျနိုင်ငံ၌ လက်ခံကစားလျက်ရှိပြီး မြန်မာအသင်းနှင့်ပွဲကို ဒေသစံတော်ချိန် ည ၁၀ နာရီ(မြန်မာစံတော်ချိန် မတ် ၂၇ ရက် နံနက် ၁ နာရီခွဲ) တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် မတ် ၂၁ ရက်နေ့က ရန်ကုန်မြို့၌ ကစားသည့်ပွဲတွင် တစ်ဂိုးစီ သရေကျ ခဲ့သည့်အတွက် အဝေးကွင်းတွင်လည်း ရမှတ်ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာအနေနဲ့ ဆီးရီးယားအသင်းကို အဝေးကွင်းမှာ အမှတ်ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်လိုက်ရအောင်။