မိုခါတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း၌ ဒေသခံပြည်သူ၁၄၈ ဦးသေဆုံးပြီး တိရစ္ဆာန် ၅ သိန်းကျော်သေဆုံး

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှုစာရင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိရာမေလ ၂၁ ရက်နေ့ထုတ်ပြန်ချက်အရ ပြည်သူ ၁၄၈ ဦးသေဆုံးခဲ့ပါတယ်။
  • ရခိုင်ပြည်နယ်အပါအဝင် မုန်တိုင်း၏ဆက်စပ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ကျွဲ ၄,၂၀၉ ကောင်၊ နွား ၇,၆၆၆ ကောင်၊ ဝက် ၂,၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၅၁၇,၀၀၅ ကောင် သေဆုံးခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးသီးနှံစုစုပေါင်း ၆၂,၈၃၆ ဧက ပျက်စီးခဲ့ကြောင်းသိရပါတယ်။