မန်းရွှေစက်တော်ဘုရားပွဲကာလ မင်းဘူး-ရွှေစက်တော် သီးသန့်ယာဉ်လိုင်းပြေးဆွဲမည်

ယခု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲကာလမှာ မင်းဘူး-ရွှေစက်တော်သီးသန့် ယာဉ်လိုင်းပြေးဆွဲသွားမယ်လို့ မင်းဘူးခရိုင် ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေး ကော်မတီမှ သိရပါတယ်။

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်က မန်းရွှေစက်တော်ဘုရားပွဲတော်ကာလမှာ ဘုရားဖူး လာရောက်ကြသူတွေ သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေစေဖို့အတွက် သီးသန့်ယာဉ်လိုင်းပြေးဆွဲပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

မင်းဘူး-ရွှေစက်တော်ယာဉ်စီးခနှုန်းထားအနေနဲ့ တစ်ယောက်ကို ကျပ်၆၀၀၀နဲ့ တောင်ပေါ်အတက်အဆင်းခရီးစဉ်အတွက် ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။