မဟာဘွဲ့သင်တန်း သတ်မှတ်ချက်များနဲ့ညီပါက ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဝင်ခွင့်ခေါ်ယူ

အာမခံလုပ်ငန်းနဲ့ ပတ်သက် သက်ဆိုင်တဲ့မဟာဘွဲ့သင်တန်းကို သတ်မှတ်ချက်များနဲ့ ကိုက်ညီသူများတက်ရောက်နိုင်ရန် ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဝင်ခွင့်ခေါ်ယူနေတယ်လို့သိရပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်၏အာမခံလုပ်ငန်းဆိုင်ရာမဟာဘွဲ့(Master of Insurance)သင်တန်းအတွက်ဝင်ခွင့်လျှောက်လွှာများခေါ်ယူနေရာ(၂၀၂၃-၂၀၂၄)ပညာသင်နှစ်အတွက် ခေါ်ယူထားခြင်းဖြစ်ပြီး ဇန်နဝါရီလ(၁၀) ရက်မှ(၂၄)ရက်အတွင်း လျှောက်လွှာများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်(ကမာရွတ်နယ်မြေ)တွင် လျှောက်ထားနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

အာမခံလုပ်ငန်းဆိုင်ရာ မဟာဘွဲ့(Master of Insurance)သင်တန်းတက်လိုသူများအနေဖြင့် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရများ၊ သင်တန်းအတွက် အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် လုပ်ငန်းခွင်အတွေ့အကြုံအနည်းဆုံးလုပ်သက်(၂)နှစ်ရှိပြီးအခြားသော သင်တန်းများတက်ရောက်နေသူများ မဖြစ်ရဟု သတ်မှတ်ထားကြောင်းသိရပါတယ်။

အဆိုပါ မဟာဘွဲ့သင်တန်းအတွက် ရေးဖြေစာမေးပွဲကို ဇန်နဝါရီ(၂၉) ရက်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ကမာရွတ်နယ်မြေ)မှာကျင်းပမှာဖြစ်ပြီး ရေးဖြေဝင်ခွင့်ရသူများ လူတွေ့စစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။