မကောင်းတာတွေမဖြစ်စေဖို့

စိတ်ကိုပြုပြင်မှု အားနည်းရင်
ဘ၀အဆင်ပြေမှုကလည်း
ပိုအားနည်းလာတတ်ပါတယ် ။

ရုပ်ကိုအမြဲလိုလိုပြင်နိုင်တယ်ဆိုရင်
စိတ်ကိုလည်း အမြဲပြင်ပေးပါ ။

ရုပ် အညစ်အကြေးတွေဟာ
စိတ်အညစ်အကြေးတွေလောက်
ဒုက္ခတွေကို မပေးနိုင်ကြပါဘူး ။

စိတ်ထားမကောင်းရင်သာ
သံသရာနဲ့ချီပြီးဆင်းရဲစေနိုင်တာပါ။

မနာလိုစိတ်အားကြီးလာရင်
လောကကြီးဟာ ကဲ့ရဲ့စရာဖြစ်လာ
မယ်။

လောဘ အားကြီးလာရင်
စာနာမှုတွေ နည်းပါးလာပါတယ် ။

တကယ်တော့
ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကြောင့်သာ

မဟုတ်တာတွေ လုပ်မိနေပြီး
ဆင်းရဲနေကြတာဖြစ်သည့်အတွက်

မကောင်းတဲ့ စိတ်အညစ်အကြေးကို
မဖြစ်အောင်သတိထားဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏