ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးသင်တန်းဖွင့်လှစ်

ဘာသာရပ်အမျိုးအစား(၁၁)မျိုးကို ဆွေးနွေးပို့ချသွားမည့်သင်တန်းတစ်ခုဖြစ်သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးအတွက် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအား အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။