ရုရှားကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr.Grigoriev Evgeny Dmitrie- vich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။

တွေ့ဆုံစဉ် မြန်မာ-ရှရှား နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူများ နားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုရှိစေရေး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား စက်မှုကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ လယ်ယာအခြေပြု စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။