မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

လိုချင်လို့ မပြည့်စုံတာပါ

လောဘအခံရှိတဲ့ပြည့်စုံချင်မှုဟာ
လိုက်ရှာလေ ဝေးလေပါပဲ ။

မရောင့်ရဲတတ်တဲ့သူအတွက်တော့
တစ်ခုရလာပေမယ့်လည်း
နောက်တစ်ခုအတွက်လှမ်းနေရပြီ ။

တစ်သက်စာအတွက် လောက်ပေမယ့်
ဆယ်သက်စာအတွက်ရှာနေပြန်ပြီ ။

ပင်ပန်းလိုက်တာလို့ငြီးရင်
လောဘလေး လျှော့ကြည့်ပါလားလို့
အဖြေလေး ပေးချင်တယ် ။

ရှာသမျှမလောက်ဘူးလို့ပြောရင်
အသုံးလေး လျှော့ကြည့်ပါလားလို့
တိုးတိုးလေး ပြောချင်တယ် ။

မရှိလို့ ရှာတယ်ဆိုတာ
သဘာ၀မို့ လက်ခံပေးလို့ရပါတယ် ။

မနေတတ်လို့ ရှာတာမျိုး
သူများထက် သာချင်လို့ရှာမျိုးဟာ
ကိုယ့်ဒုက္ခနဲ့ကိုယ် ဆင်းရဲနေရတာပါ ။

ရရှိသလောက်နဲ့ နေကြည့်မယ်
စိတ်ချမ်းသာဖို့ပဲသိမ်းပိုက်မယ်ဆိုရင်

ရခြင်းမရခြင်း လောကဓံတရားဟာ
ကိုယ့်အတွက် အဆင်ပြေသွားမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏