ကချင်နဲ့ ချင်းတိုင်းရင်းသားတွေကို နိုင်ငံကူးလက်မှတ် ထုတ်မပေးဘူးလို့ Khit Thit မှ သတင်းအတုရေး

ကချင်တိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားများ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများကို အစိုးရကခွင့်မပြုတော့ဘဲ ငြင်းပယ်နေကြောင်း နိုင်ငံကူးလက်မှတ်လျှောက်ခဲ့သော ကာယကံရှင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည် ဟု Khit Thit မီဒီယာတွင် ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** ရန်ကုန်တိုင်းအတွင်းတွင် မည်သည့်တိုင်းရင်းသားမဆို လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံပါက နိုင်ငံကူးလက်မှတ်များကို ထုတ်ပေးလျက်ရှိကြောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း နယ်ကျော်လျှောက်ထားသူများအား ခေတ္တဆိုင်းငံ့ထားပြီး နိုင်ငံကူးလက်မှတ်များကို ထုတ်ပေးလျက်ရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Khit Thit မှ ကချင်နဲ့ချင်းတိုင်းရင်းသားတွေကို တပ်မတော်အပေါ် အထင်အမြင်လွဲမှားပြီး မုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျစွာ နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကြံဝါဒဖြန့်ရေးသားထားခြင်းသာဖြစ်ပါသည်။