လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်လို Khit Thit မှ သတင်းအမှားရေး

သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းမှ ပြည်သူပိုင်သစ်များကို မတရားခိုးထုတ်နေသည့် စစ်တပ်၏ အင်အား ၃၅ ဦးပါ ရှေ့ပြေးကင်းထောက်အဖွဲ့က ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို ခိုးထုတ်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိတွေ့တိုက်ပွဲသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ သတင်းမှား ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၂၉ ရက်နေ့၌ ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ ဖြစ်စဉ်အမှန်မရေဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရတယ်ဆိုပြီး အထင်မှားစေရန် အပုတ်ချပြီး လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါတယ်။