PDF အကြမ်းဖက်များက ဒရုန်းဗုံးပစ်ချတိုက်ခိုက်ခဲ့၍ အမျိုးသား ၃ ဦးဒဏ်ရာရ

ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန် ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် (၈)ရပ်ကွက်ရှိ မေဖူးငုံအထည်ဆိုင်ရှေ့လမ်းမပေါ်သို့ အကြမ်းဖက်အုပ်စု PDF များမှ အခင်းဖြစ်နေရာ၏တောင်ဘက် ၂ မိုင်ခန့်အကွာပခုက္ကူကျွန်းကျေးရွာဘက်မှ Drone ဖြင့် Drop Bomb ပစ်ချခဲ့သဖြင့် ဦးမြင့်လွင်(၃၇)နှစ် အနောက်ချောက်ကန်ကျေးရွာ ပခုက္ကူမြို့နယ်နေသူတွင် လည်းကောင်း၊ (၁၅)ရပ်ကွက် ပခုက္ကူမြိုနေသူများဖြစ်ကြသည့် ဦးသိန်းဝင်း(၄၀)နှစ် နှင့် ဦးကြည်လင်(၅၉)နှစ် တို့တွင် ဒဏ်ရာ (မစိုးရိမ်ရ) တို့ အသီးသီးရရှိခဲ့ကြောင်း သိရပါတယ်။