လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၂၀ ဦး သေဆုံးတယ်လို့ DVB မှ သတင်းအမှားရေး

နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းက နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ အထိုင်ချတပ်စွဲထားတဲ့တပ်သားအင်အား ၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှု အတွင်းမှာ စစ်သား အယောက် ၂၀ လောက်သေဆုံး၊ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း DVB မှ သတင်းမှား ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** နိုဝင်ဘာလ ၉ ရက်နေ့၌ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ PDF များ ထိတွေ့မှုခဏဖြစ်ပွားခဲ့ပြီး PDF အဖွဲ့များ ဆုတ်ပြေးသွားကြကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ DVB မှ အများပြည်သူများ အထင်အမြင်လွဲမှားအောင် ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦးလောက်သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။