လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၅ ဦး သေဆုံးတယ်လို့ မြေလတ်အသံမှ သတင်းအမှားရေး

ဩဂုတ် ၁၁ ရက်၊ ဩဂုတ် ၁၂ ရက်နေ့တို့တွင် စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်၊မောင်းထောင်စံပြကျေးရွာအနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ အနီးကပ်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီကသိရပါတယ်။ ၂ ရက် တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၅ ဦးကျော်သေဆုံးတာကို တိုက်ပွဲဝင်ရဲဘော်တွေ ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ် မြေလတ်အသံမှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၁ ရက်နေ့၌ ဘုတလင်မြို့နယ်၊ မောင်းထောင်စံပြကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF များ ထွက်ပြေးသွားသဖြင့် လိုက်လံရှင်းလင်းရာ လက်လုပ်စိန်ပြောင်း ၁ လက်၊ ဗုံးသီး ၂ လုံးတို့ သိမ်းဆည်းရရှိသွားကြောင်း၊ စစ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ PDF တွေ ထွက်ပြေးရတာကို အမှန်မရေးဘဲ မြေလတ်အသံ မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်ဆိုပြီး လူအထင်ကြီးအောင် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။