နိုဝင်ဘာ၂၀ရက်နေ့အထိအထူးလျှော့ဈေးဖြင့်ရောင်းချမည့် HP ၏ထုတ်ကုန်များ

HP သည် ဈေးရောင်းပွဲတော်အတွင်း သူတို့ရဲ့ ထုတ်ကုန်များအတွက် အထူးလျှော့စျေးများကို ကြေညာခဲ့ပါတယ်။ အဲဒီပွဲမှာ 13th Gen Intel Core processors တပ်ဆင်ထားတဲ့ Omen portfolio၊ Victus လက်ပ်တော့တွေ၊ Pavilion range နဲ့ Envy လက်တော့ပ်တွေ အားလုံးပါဝင်ပါတယ်။ ဒါ့အပြင် အဲဒီဈေးရောင်းပွဲတော်မှာ headphones, keyboards နဲ့ microphones တွေ စတဲ့ HyperX accessories များကိုလည်း လျှော့စျေးနဲ့ ရောင်းချပေးမှာ ဖြစ် တယ် လို့ သိရပါတယ်။

အဲဒီလျှော့ဈေးနဲ့ ရရှိနိုင်တဲ့ပစ္စည်းတွေကို HP World Stores၊ HP ရဲ့ တရားဝင်အရောင်းဆိုင်တွေ နဲ့ HP online store တွေ အားလုံးမှာ ရရှိနိုင်ပြီး Amazon မှာလည်း ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ၂၀ နိုဝင်ဘာ ၂၀၂၃ အထိ လျှော့ဈေးအစီအစဉ် ရှိနေမှာဖြစ်တယ်လို့သိရပါတယ်။

ရနိုင်တဲ့ ပစ္စည်းတွေကတော့ –

HP Omen and Victus

ဂိမ်းဝါသနာရှင်တွေအတွက် Omen Series (Omen 16၊ Omen Transcend 16 နှင့် Omen 17) များကို လျှော့စျေးဖြင့် ရရှိနိုင်ပါတယ်။ ဝယ်ယူအားပေးမဲ့သူတွေ အနေနဲ့ တစ်ချို့ဘဏ်ကြီးတွေ ဆီကနေ 120.04 USD cashback နဲ့ HyperX Solocast USB Microphone လက်ဆောင် ရရှိနိုင်ပြီး HP Switch မှတဆင့် HP laptops အဟောင်းတွေကို လဲလှယ် မယ်ဆိုရင် 168 USD ဝန်းကျင်ထိ ဈေးသက်သာမှာ ဖြစ်ပါတယ်။

ထို့အတူပဲ ဈေးပိုသက်သာတဲ့ Victus 15 နှင့် Victus 16 laptops တွေအတွက် 48.02 USD cashback တွေရရှိနိုင်မှာ ဖြစ်သလို HyperX Solocast USB Microphone ကို လည်း 24 USD နဲ့ ဝယ်ယူနိုင်မှာပါ။ HP Switch အစီအစဉ်နဲ့ အဟောင်းကနေ အသစ်လဲလှယ်မယ်ဆိုရင်လည်း 72.03 USD ဝန်းကျင် အထိ အပိုခံစားခွင့်တွေ ပါရှိပါတယ်။ ဝယ်ယူအားပေးမဲ့သူတွေ အနေနဲ့ 11.40 USD တန် mouse ကိုလည်း လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Omen Playground store ကနေ ဝယ်ယူမယ်ဆိုရင် ဝယ်ယူအားပေးမဲ့သူတွေ အနေနဲ့ Omen လက်ပ်တော့တစ်လုံး ဝယ်တဲ့ အခါတိုင်းမှာ 48.02 USD တန် HyperX နားကြပ်ကို 5.99 USD ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပြီး Victus လက်ပ်တော့တစ်လုံး ဝယ်သည့်အခါမှာတော့ 48.02 USD တန် HyperX နားကြပ်ကို 11.99 USD ဖြင့် ဝယ်ယူ ရရှိ နိုင်တယ်လို့သိရပါတယ်။

HP Envy, Pavilion, and Spectre

HP Envy x360 15 နှင့် 13 laptops တွေ ဝယ်ယူမယ်ဆိုရင် 120.04 USD cashback ရရှိမှာဖြစ်ပါတယ်။ Envy laptop ကို ဝယ်ယူမယ်ဆိုရင် HyperX Solocast USB Microphone ကို 11.99 USD ဖြင့် ၀ယ်ယူနိုင်မှာပါ။ HP Switch အစီအစဉ်နဲ့ ဝယ်ယူမယ်ဆိုရင်လည်း 120.04 USD အထိ ‌ဈေးသက်သာမှာပါ။

HP Pavilion 14၊ 15 နဲ့ Pavilion Plus notebooks ကို ဝယ်ယူမယ်ဆိုရင် တစ်ချို့ဘဏ်ကြီးတွေ ဆီကနေ 48.02 USD cashback ရရှိမှာ ဖြစ်ပြီး 11.40 USD တန် HP wireless mouse ကိုလည်း လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။ HP Switch အစီအစဉ်နဲ့ ဝယ်ယူမယ်ဆိုရင်လည်း 72.02 USD အထိ ‌ဈေးသက်သာမှာပါ။

HP 14/15 laptops တွေ ဝယ်ယူမယ်ဆိုရင် 48.02 UDS cashback နဲ့ အတူ 11.40 USD တန် HP Wireless mouse လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။ ဝယ်ယူအားပေးမဲ့သူတွေ အနေနဲ့ အာမခံ တစ်နှစ်ရရှိမှာဖြစ်ပြီး တစ်ရက်ကို 0.012 USD (တစ်နှစ်လျှင် 4.38 USD တန်ဖိုးရှိ) ၃ နှစ်အာမခံ Protegent anti-virus အစီအစဉ်ကိုလည်း ရရှိနိုင်မှာပါ။

ပရီမီယံ HP Spectre 14 နှင့် 16 လက်ပ်တော့များသည် Rs 10,000 cashback၊ အခမဲ့ HyperX Solocast USB Microphone နှင့် HP Switch မှ Rs 10,000 အထိ ခံစားခွင့်များ ပါရှိသည်။

အရည်အသွေးကောင်းတဲ့ HP Spectre 14 နဲ့ 16 laptops တွေ ဝယ်ယူမယ်ဆိုရင် 120.04 USD cashback ရရှိမှာ ဖြစ်ပြီး HyperX Solocast USB Microphone ကိုလည်း လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။ HP Switch အစီအစဉ်နဲ့ ဝယ်ယူမယ်ဆိုရင်လည်း 120.04 USD အထိ ‌ဈေး သက်သာစွာ နဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Accessories and printers

HyperX accessories တွေမှာလည်း တကယ့်လျှော့ဈေးတွေ ရှိနေပါတယ်။ Gaming headsets ကို 59 ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရရှိနိုင်မှာပါ။  57.58 USD တန် HyperX Cloud Stinger Core 2 headset ကို 31.09 USD ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

Microphones တွေ အားလုံးကို 45 ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရရှိနိုင်မှာပါ။ 87.51 UDS တန် HyperX SoloCast ကို 47.90 USD ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

ဒါ့အပြင် HyperX Allow Origins keyboards တွေ ကို 58 ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရရှိနိုင်မယ်လို့သိရပါတယ်။

HP Smart Tank printers ဝယ်ယူအားပေးမဲ့သူတွေ အနေနဲ့ 228.06 USD တန် Fire-Boltt Supernova Smartwatch ကို လက်ဆောင်ရရှိမှာ ဖြစ် ပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ HP Smart Tank ဒါမှမဟုတ် Ink Tank printers တွေကို ဝယ်ယူမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း cashback ဖြစ်တဲ့ 6 USD ကနေ 12 USD အထိ ရရှိမှာ ဖြစ်ပါတယ်။

HP Smart Tank/Ink Tank printers များကိုလည်း တစ်လလျှင် 10.79 USD မှစတင် ပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။    

နောက်ထပ် ပိုမိုကောင်းမွန်တဲ့ လျှော့ဈေးတွေ အနေနဲ့ HP ကနေ Omen၊ Envy၊ Pavilion Aero နဲ့ Pavilion Plus laptops တွေကို ဝယ်ယူတဲ့အခါ အရင်ဈေး 240.10 USD ရှိတဲ့ Adobe Creative Cloud ကို 18 UDS ထဲ နဲ့သာ ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။