ယူ-၁၇ကမ္ဘာ့ဖလား နောက်တဆင့်တက်ဖို့ အခွင့်အလမ်းရှိနေတဲ့ အိမ်ရှင် အင်ဒိုနီးရှား

ယူ-၁၇ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အင်ဒိုနီးရှားအသင်းဟာ အုပ်စုပွဲစဉ်နှစ်ပွဲ ကစားပြီးချိန်မှာ နှစ်ပွဲစလုံးသရေကျထားပြီး နောက်တဆင့်တက်ဖို့ အခွင့်အလမ်းရှိနေပြီဖြစ်ပါတယ်။

အင်ဒိုနီးရှားအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ အီကွေဒေါအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့သလို၊ ဒုတိယပွဲမှာလည်း ပနားမားအသင်းနဲ့ တစ်ဂိုးစီသရေကျပြီး ရမှတ်နှစ်မှတ်ရရှိထားပါတယ်။

ပြိုင်ပွဲစည်းမျဉ်းအရ အကောင်းဆုံးအုပ်စုတတိယအသင်းတွေလည်း နောက်တဆင့်တက်နိုင်တာကြောင့် အိမ်ရှင် အင်ဒိုနီးရှားယူ-၁၇အသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ မော်ရိုကိုနဲ့ပွဲမှာ သရေ တစ်မှတ်ရရုံနဲ့ နောက်တဆင့်တက်နိုင်မှာဖြစ်ပါတယ်။