စစ်မှုထမ်း သင်တင့်လျောက်ပတ်သည့်အင်အားသာတာဝန်ထမ်းဆောင်ရမည်

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်အသက်အပိုင်း အခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့သိရပါတယ်။