ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ခြူးလေးနဲ့ အမျိုးသားတစ်ဦး အနမ်းပေးနေတဲ့ရုပ်ပုံက လူမှုကွန်ရက်မှာ ဒီနေ့ကစပြီး ပျံ့နှံလာနေသလို ပရိသတ်စိတ်ဝင်စားမူမြင့်တက်နေပြီး ဝေဖန်မှုတွေလည်းရှိနေတာကြောင့် စိတ်တော်တော်ညစ်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့ရက်ပိုင်းမှာ ပင်လယ်ပြာပြာ မိုးပြာပြာဇာတ်ကားအတွက် ရွေးချယ်ခံထားရပြီး နာမည်ရှေ့ကနေမပါလို့ ဇာတ်ကားကနေ ဖယ်ထုတ်ခံထားရတဲ့ ခြူးလေးရဲ့ ပြည်ပနိုင်ငံတစ်ခုမှာ အမျိုးသားတစ်ဦးနဲ့ လက်တွဲပြီးလျှောက်နေတဲ့ပုံ၊ လူမြင်ကွင်းမှာ အနမ်းပေးနေပုံတွေက ဝေဖန်စရာဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
“အခုလောလောဆယ်တော့ စိတ်တွေ အရမ်းညစ်နေလို့ အင်တာဗျူးဖြေဖို့လည်း အဆင်မပြေသေးလို့ပါ တောင်းပန်ပါတယ် ”လို့ သရုပ်ဆောင် ခြူးလေးရဲ့မန်နေဂျာက M T News Entertainment ရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် တုံ့ပြန်ထားပါတယ်။