မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ဆိုးကျိုးကို သည်းခံပေးပါ

အဆင်မပြေလို့ စိတ်ညစ်ရင်
ပိုပြီးတော့ အဆင်မပြေနိုင်ပါဘူး ။

ကံညံ့လို့ အဆင်မပြေတာဖြစ်လို့
ကောင်းကံတွေ ထပ်ဆင့်လုပ်ပေးပါ ။

စိတ်ကောင်းပြီး
ကောင်းတာတွေများတဲ့သူဟာ
ဆင်းရဲလည်း ခဏတာလေးပဲဖြစ်လို့

အကောင်းတွေများလာဖို့
အဆိုးအနည်းငယ် ၀ငျလာတာလို့

ဆင်ခြင်အောက်မေ့ပြီးတော့
ကိုယ့်ရဲ့အဆင်မပြေမှုကိုသည်းခံပါ ။

ဆန္ဒတွေ သိပ်မစောပါနဲ့
ခဏလေးတော့ စောင့်ကြည့်ပေးပါ ။

ငါ့လောက်ဆိုးတဲ့ လောကသားတွေကို
ရှာကြံတွေးကြည့်ပြီးတော့

သူတို့လောက် မဆိုးသေးပါဘူးလို့
ကိုယ့်ဘ၀ကို ပြန်အားပေးပါ ။

ကံတရားရဲ့အကျိုးဖြစ်တဲ့
ခံစံဘ၀နဲ့ တည်ဆောက်ထားတာမို့

အဆိုးကြုံလည်း စိတ်မပျက်ပဲ
ကိုယ့်ဘ၀လေး နေတတ်နေပါစေ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏