ဂေါ်ရန်ဂျီကျွန်းသွား ချောင်းဝတံတားတည်ဆောက်မှု ၈၉ ရာခိုင်နှုန်းပြီးစီး

ရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် ချောင်းဝတံတားတည်ဆောက်မှု ယခုအခါ ၈၉ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်သည်။ အဆိုပါတံတားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ရှိ ငရုတ်ကောင်း-ဂေါ်ရန်ဂျီကျွန်း လမ်းပေါ်၌ တည်ဆောက်နေခြင်းခြင်းဖြစ်သည်။

လက်ရှိတည်ဆောက်နေသည့် ချောင်းဝတံတားအရှည်မှာ ပေ ၁၂၈၀ ရှိမည်ဖြစ်ပြီး ယာဉ်သွားလမ်း အသွား တစ်လမ်း၊ အပြန်တစ်လမ်းပါဝင်ကာ အကျယ် ၂၄ ပေရှိသည့် နှစ်လမ်းသွား တံတားဖြစ်ပြီး လူသွားလမ်းအကျယ်တစ်ဖက်လျှင် ၃ ပေ ၆ လက်မစီ ပါဝင်မည်ဖြစ်သည်။ ရေလမ်း ကင်းလွတ် အကျယ် ၂၄ မီတာနှင့် အမြင့် ၁၂ ဒသမ ၂ မီတာရှိမည်ဖြစ်၍ တံတားခံနိုင်ဝန်မှာ ခွင့်ပြုယာဉ်အလေးချိန် (ယာဉ်+ ကုန်) တန် ၆၀ ဖြစ်သည်။

အဆိုပါ ချောင်းဝတံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုအခါ တံတားအောက်ခံအုတ်မြစ်၊ ကိုယ်ထည်နှင့် အပေါ်ထည်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သောကြောင့် တံတားကြမ်းခင်းနှင့် လက်ရန်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ #Crd