ဒီပဲယင်းမြို့နယ်တွင် အရပ်သား ၈ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ RFA မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ တပ်မတော်က အောက်တိုဘာလ နောက်ဆုံးနှစ်ပတ်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးချိန်မှာ အရပ်သားရှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး နောက်ထပ်လူ ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ RFA မှ သတင်းမှားရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ နောက်ဆုံးနှစ်ပတ်၌ ဒီပဲယင်းမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် pdf များ ထိတွေ့မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၆ ရက်နေ့ ရှမ်းတောကျေးရွာနှင့် ဘုတ်ထမ်းကျေးရွာအနီးတို့တွင် ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး PDF ၄ လောင်း၊ M-22 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၆ လက်၊ လက်လုပ်လက်ပစ်ဗုံး ၆ လုံး၊ ဒီတိုနေတာ ၂၀ ချောင်း၊ ယမ်းပျော့ ၇ ချောင်းနှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း၊ ၂၇ ရက်နေ့ အုန်းတင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ထိတွေ့မှု ၁ ကြိမ်ဖြစ်ပွားခဲ့ပြီး PDF ၁ လောင်း၊ စကားပြောစက် ၁ လုံးတို့သိမ်းဆည်းရရှိသွားကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ PDF တွေ သေတာကို RFA မှ ပြည်သူတွေအသတ်ခံရတယ်ဆိုပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်အမြင်လွဲမှားပြီး မုန်းတီးစေရန် အရှက်မရှိ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။