ဖေဖော်ဝါရီလ ၂၀ ရက်နေ့ လူမှုကွန်ရက်ပေါ်က သတင်းတု/သတင်းမှားများ

• ဖေဖော်ဝါရီ ၁၈ ရက်နေ့ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ခါချဉ်တောင်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲက ချောင်းမြောင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးသာ ဒဏ်ရာရရှိခဲ့သော်လည်း Mizzima ၊ Khit Thit ၊ မြေလတ်အသံနှင့် Ayeyarwaddy Times တိုမှ ဖြစ်စဉ်ကို ပုံကြီးချဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ကာ တစ်ဖက်သတ်အမြတ်ထုတ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရေတာရည်မြို့နယ်၊ ကျွဲရိုင်းပြင်စစ်တောင်း မြစ်ကူးတံတားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၇ ရက်နေ့ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တာရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ကာ အမြတ်ထုတ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၆ ရက်နေ့၌ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် လပတ်ကျေးရွာမှ ကျောက်ကြီးမြို့သို ဆန်စပါးများပိုဆောင်ရန်ထွက်လာသော ကိုဖိုးကျော်(၃၀)နှစ်၊ ကိုပိုင်စိုးမင်း (၃၀)နှစ်၊ ကိုကျော်ဟိန်း(၂၅)နှစ်၊ ဒေါ်သီး (၅၃)နှစ်၊ မခင်သီတာစိုး (၃၃)နှစ်နှင့် မကြည်ပြာခိုင် (၃၄)နှစ်၊ စုစုပေါင်း ပြည်သူ (၆) ဦးတိုအား KNLA/ PDF အဖွဲများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်နေတယ်ဟု စွပ်စွဲကာ လူမဆန်စွာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်သွားခြင်းကို မြေလတ်အသံ မှ မည်သည့်အဖွဲသတ်တယ်မသိဟုဆိုကာ KNLA/ PDF တွေရဲ့ အောက်တန်ကျယုတ်မာမှုကို အမှန်အတိုင်းမရေးဘဲ အရှက်မဲ့စွာ ထိန်ချန်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာအနီးနေ ကိုရန်နိုင်စိုး ဆိုသူမှာ ကျေးရွာအနီးတောထဲသို တံမြက်စည်းတံများ ချိုးရန်သွားစဉ် KNU/PDF များ ထောင်ထားသော မိုင်းအား နင်းမိပြီး မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ခြေသလုံးပြတ်၊ ယာခြေသလုံးပေါက်ပြဲ၊ ဘယ်မေးရိုးပေါက်ပြဲ၊ အမျိုးသားအင်္ဂါပေါက်ပြဲဒဏ်များ (စိုးရိမ်ရ) ရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Ayeyarwaddy Times မှ KNU/ PDF တွေက ကျေးရွာများအနီး မဆင်မဆင်မိုင်းထောင်တဲ့ လုပ်ရပ်များကို အမှန်အတိုင်းမရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပုတ်ချကာ ဗြောင်လိမ်ပြီးရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခံသင်းတံတားစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Mizzima မှ စကစတပ်ဖွဲဝင်များ တိုက်ခိုက်ခံရလို ၄ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ ၊ ဆိုက်ခေါင်ကျေးရွာအနီးတွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း RFA မှ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရလို ၂၀ ဦး ကျော် ဒဏ်ရာရတယ်ဆိုပြီး စိတ်ကူးယဉ်ကာ လုပ်ကြံဖန်တီးရေးသားထားခြင်းဖြစ်ပါတယ်။