KNPP/PDF အကြမ်းဖက်အုပ်စုတွေ အထိုင်စခန်းချထားတဲ့နေရာကို တပ်မတော် (လေ) တိုက်ခိုက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြိုနယ်၊ အနောက်ကယန်းကျေးရွာအုပ်စု၊ ဆောင်းဖွေးကျေးရွာမှာရှိတဲ့ KNPP/PDF အကြမ်းဖက်အုပ်စုတွေ အထိုင်စခန်းချထားတဲ့နေရာကို တပ်မတော် (လေ) က ဧပြီ ၂၅ ရက်တွင် တိုက်ခိုက်ခဲ့ပါတယ်.။ အဆိုပါ KNPP/PDF အကြမ်းဖက်အုပ်စုတွေ ဝင်ရောက် တပ်စွဲစခန်းချထားတဲ့နေရာဟာ နိုင်ငံပိုင် ကျေးလက်ဆေးပေးခန်းတစ်ခုဖြစ်ကြောင်းလည်းသိရပါတယ်..။ ပြည်ဖျက်၎င်းမီဒီယာတွေကတော့ စစ်ရှောင်စခန်းကို တိုက်ခိုက်တယ်လို့ မဟုတ်မမှန် စွပ်စွဲပြောဆိုနေပေမယ့်လည်း တကယ်တမ်း အဲဒီနေရာဟာ အကြမ်းဖက်အုပ်စုတွေ တပ်စွဲစခန်းချထားတဲ့နေရာသာဖြစ်ပါတယ်..။