ပျက်စီးခဲ့တဲ့ ကျင်သီတံတားနေရာမှာ ယာယီဘေလီတံတားထိုးပြီ

အကြမ်းဖက်သမားတွေ မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) က ကျောက်မဲနဲ့ သီပေါကို ဆက်သွယ်ထားတဲ့ ကျင်သီတံတားချဉ်းကပ်လမ်းပိုင်းကို ယာယီဘေလီတံတားနဲ့ အစားထိုးဖို့ ဒီကနေ့ ဖေဖော်ဝါရီ (၂၄) ရက်မှာ စတင်ပြင်ဆင်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ ကျင်သီတံတားကို အကြမ်းဖက်သမားတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့၊ မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးလိုက်တာကြောင့် ကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံတွေအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ အဆိုပါ ချဉ်းကပ်တံတားလမ်းပိုင်း ပြင်ဆင်မှုကို ဒေသတွင်း ကုမ္ပဏီနှစ်ခုတို့က ပူးပေါင်းဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပြီး ဖေဖော်ဝါရီ(၁) ရက်ကလည်း အဲဒီ ကျင်သီတံတားအနီးမှာ ယာယီ တံတားငယ်တစ်စင်းဆောက်လုပ်ပေးခဲ့သေးတယ်လို ဆိုပါတယ်။ #Crd