မွန်ပြည်နယ်မှာ စားသုံးဆီများသက်သာစွာရောင်းချပေး

(၁၂.၉.၂၀၂၃) ရက်နေ့၊ နံနက် ၇ နာရီတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီ လက်လီအရောင်းဈေးကားမှ ကျိုက်မရောမြို့နယ်၊ အထရံရပ်ကွက်၊ ဘိန်းဗျောအခွန်လွတ်ဈေးတွင်လည်းကောင်း၊ ဘိန်းဗျောကျေးရွာအုပ်စု၊ နတ်စမ်းကျေးရွာတွင်လည်းကောင်း၊ ဘာဘူကုန်းကျေးရွာအုပ်စု၊ ဘာဘူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင်လည်းကောင်း ပြည်သူများ သက်သာချောင်ချိရေးအတွက် စားသုံးဆီ(၅၅၀) ပိဿာအား ၁ပိဿာ(၅၂၀၀) နှုန်းဖြင့် (၁)ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးခဲ့ကြောင်းသိရပါတယ်။