ဗုဒ္ဓသာသနာနဲ့ဝစီပိတ်

မြန်မာပြည်မှာ
ဝစီပိတ်ကျင့်တယ်ဆိုတာ ရှိတယ်။
မုသာဝါဒ ဝစီတော့ မပြောနဲ့ပေါ့။
မုသာဝါဒကိုတော့ ပိတ်ကိုပိတ်ရမှာပဲ။

မှန်တာကို မပြောဘဲနေရင် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးကုန်မှာပေါ့။
တရားစကားတောင် မပြောရဘူး ဖြစ်မှာပေါ့။

ဝစီပိတ်ဆိုတိုင်း မကောင်းဘူး။
မပြောသင့်တဲ့စကား ပြောသင့်တဲ့စကားဆိုတာ မြတ်စွာဘုရားကိုယ်တိုင် ခွဲခြားဟောထားပြီးသားပဲလေ။

အကောင်းရော အဆိုးရော ပိတ်ပစ်ရင်ဘယ့်နှယ့်နေမလဲ။ အပြစ်ရှိတဲ့သူရော အပြစ်မရှိတဲ့သူရော ပိတ်ရင်
ကျေနပ်ပါ့မလား။
ကျေနပ်စရာ မကောင်းဘူးလေ။
အပြစ်ရှိတာသာ ပိတ်ရမယ်။
အပြစ်မရှိတာကို ပိတ်ရင်
ဘယ်သူက ကျေနပ်မလဲ။
မကျေနပ်ဘူးနော်။

စကားမှာလဲ ထို့အတူပဲ။
ပြောသင့်တဲ့စကားကို ပြောရမယ်။
မပြောသင့်တဲ့စကားကို ပိတ်ရမယ်။
ပြောသင့်တာလည်းမပြောဘူး ၊
မပြောသင့်တာလည်းမပြောဘူး
နှစ်ခုစလုံးပိတ်လိုက်လို့ရှိရင်တော့
ကျေနပ်စရာ မကောင်းဘူး။

အဲဒါကို မြတ်စွာဘုရားက မူဂဗ္ဗတ
(ဆွံ့အနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အကျင့်) လို့ခေါ်တယ်။
အဲဒီ မူဂဗ္ဗတအကျင့်ကိုကျင့်တာ
ဗုဒ္ဓသာသနာရဲ့ပြင်ပမှာ ခေတ်စားတယ်။

🙏ပါချုပ်ဆရာတော်ဘုရားကြီး.🙏