နေစရာအခက်အခဲရှိသူများအတွက် သုခဒဂုံ အိမ်ရာမှာ ၅ နှစ်နေထိုင်ခွင့်ပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရေးအခက်အခဲရှိသော ပြည်သူများ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ဒဂုံမြိုသစ် (တောင်ပိုင်း )မြိုနယ် အတွင်းတည်ဆောက်နေသော သုခဒဂုံ ပြည်သူ့ အငှါးအိမ်ရာရှိ။ (၅၈၈ )စတုရန်းပေ ကျယ်ဝန်းသော အခန်းများတွင် (၅ )နှစ် ငှါးရမ်းနေထိုင် ခွင့်ပေးသွားမည်ဖြစ်ပြီး အမှန်တစ်ကယ် နေရေးအခက်အခဲ ရှိသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ရုံးများတွင် လျှောက်လွှာ တစ်စောင်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူပြီး သတ်မှတ်ထားသော စည်းကမ်းချက်များ အပြည့်အစုံ ဖြည့်စွက်ပြီး မိမိတို လျှောက်လွှာဝယ်ယူသည့်ရုံးများတွင် သတ်မှတ်ရက်အတွင်း ပြန်လည်တင်ပြသွားရန် အသိပေးအပ်ပါတယ်။
နေရေးအခက်အခဲရှိသော တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများကတော့ မိမိတို့ သက်ဆိုင်ရာဌာန အကြီးအကဲများ၏ ထောက်ခံချက်ဖြင့် ဌာန အလိုက် စုစည်းပြီး မြိုပြနှင့်အိမ်ရာ ဖွံဖြိုးရေး ဦးစီးဌာန ရန်ကုန်တိုင်း ညွှန်ကြားရေးမှုးရုံးမှာ ဌာနအလိုက်ဝယ်ယူသွားရမည်ဖြစ်ပါတယ်။