မြင်းခြံမြိုနယ်တွင် ဗုံးသီးများတပ်ဆင်ထားသည့် Drone တစ်စီးအား သိမ်းဆည်းရမိ

ပြည်သူများ၏ သတင်းပေးပိုမှုအရ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ကုက္ကဲကျေးရွာအား အကြမ်းဖက်အဖွဲမှ ၆၀ မမဗုံးသီးဖြင့် Drop Bomb ချ၍ တိုက်ခိုက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် ၂၀၂၃ခုနှစ် မေလ ၁၈ရက်နေ့ ၀၁၃၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲဝင်များ ပူးပေါင်းအဖွဲဖြင့် ကုက္ကဲကျေးရွာ နှင့် ရွာသာယာကျေးရွာ နေရာများသို နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ၀၂၃၀ နာရီတွင် ရွာသာယာကျေးရွာ၏ အရှေ့ဘက်သို ရောက်ရှိစဉ် ၆၀ မမ ဗုံးသီး ၄ လုံးတပ်ဆင် ထားသော Drone ယာဉ် ၁ စီး ပြုတ်ကျခဲ့ပြီး ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲဝင်များမှ သိမ်းဆည်းရမိသည် ဗုံးသီး ၄ လုံးအား ဖြစ်စဉ်နေရာအနီးတစ်ဝိုက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။