အီရန်တပ်မှူးရဲ့ အုတ်ဂူအနီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၉၅ ယောက်သေဆုံး

လွန်ခဲ့တဲ့ လေးနှစ်က အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်မှူး ကာဆမ်ဆိုလိုင်မာနီရဲ့ သေဆုံးမှုနှစ်ပတ်လည်အခမ်းအနားနဲ့ ဂုဏ်ပြုဖို့အတွက် ကာမန်မြို ဆာဟတ်အယ်လ်ဇာမန် ဗလီအနီးမှာ လူတွေ ရာနဲ့ချီတဲ့လူတွေ အုတ်ဂူကို လာရောက်ချိန်မှာ ဗုံးပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၉၅ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားကြောင်းသိရပါတယ်။