ရခိုင်စစ်ပွဲအတွင်း AA အကြမ်းဖက်အများအပြားသေဆုံးနေ၍ မိသားစုဝင်များစိုးရိမ်နေ

တစ်ကျော့ပြန်ဖြစ်ပွာခဲ့တဲ့ ရခိုင်စစ်ပွဲအတွင်းမှာ AA ခဲဝါအများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူများကိုလည်း ဆေးဝါးလုံလောက်စွာကုသမပေးနိုင်လို့ ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့ရသူတွေလည်းရှိတယ်လို့ ULA/AA ခဲဝါအဖွဲ့နဲ့ နီးစပ်သူ ကိုထွန်းထွန်းနိုင်ထံကနေ သိရပါတယ်…
AA ခဲဝါခေါင်းဆောင်တွေကတော့ သေဆုံးဒဏ်ရာရရှိသူစာရင်းကို ထုတ်ဖော် ပြောဆိုတာတွေမလုပ်ဘို့ သူတို့ရဲ့စစ်ဒေသမှူးတွေ စစ်ကြောင်းမှူးတွေကို ပြောဆိုထားပေမယ့် အချို့သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကိုယ်တိုင် သိရှိသွားကြလို့ ဒီလိုသေဆုံးရတာကို မိသားစုထံအကြောင်းမကြားတဲ့အပေါ် AA ခဲဝါ ခေါင်းဆောင်တွေကို အပြစ်တင်ပြောဆိုနေကြပါတယ်…
လက်ရှိတစ်ကျော့ပြန်စစ်ပွဲအတွင်းမှာ AA ခဲဝါအဖွဲ့က ၈၀၀ ကျော်သေဆုံးပြီး ၁၀၀၀ ကျော်ဒဏ်ရာရရှိနေလို့ ဆေးဝါးကုသဘို့လိုအပ်နေလို့ ဆရာဝန်တွေကို ခြိမ်းခြောက်ဖမ်းဆီးကာ ဆေးဝါးကုသနေကြပေမယ့် ဆေးဝါးလုံလောက်မှုမရှိ တဲ့ ပြဿနာနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်…