မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌼ပူလောင်စေမယ့် အရာတွေနဲ့🌼

ဘဝကို
ဟန်ဆောင်မှုတွေနဲ့ မရှင်သန်နဲ့
အရှိကို အရှိအတိုင်း ရှင်သန်ပါ ။

ဘဝကို
လိမ်ညာမှုတွေနဲ့ မရှင်သန်နဲ့
ရိုးရိုးသားသား ရှင်သန်ပါ ။

ဘဝကို
ကြွားဝါခြင်းတွေနဲ့ မရှင်သန်နဲ့
သိုသိုသိပ်သိပ် ရှင်သန်ပါ ။

ဘဝကို
ပကတိအတိုင်း ရှင်သန်မယ်ဆိုရင်
အရှက်ရစရာလည်း ရှိလာမှာမဟုတ်
သလို
စိုးရိမ်းပူပန်မှုတွေလည်း ခံစားရမှာ
မဟုတ်ဘူး။

ဘဝဆိုတာ
ရိုးရှင်းလေ ပိုပြီးလှပလေ
ဟန်ဆောင်မှု မရှိလေ
ပိုပြီး အေးချမ်းလေပါပဲ ။

ဒါကြောင့်
ဘဝကို
ပူလောင်စေမယ့် အရာတွေနဲ့
မလျှောက်မိအောင်သတိထားပါ ။🌻🌻

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️