လှိုင်သာယာတွင် PDF အကြမ်းဖက်သမားများက လူမှုကူညီရေးအသင်းများကားရုံကို လက်လုပ်ဗုံးဖြင့်ပစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာအရှေ့ပိုင်းမြိုနယ်၊(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိလူမှုကူညီရေးအသင်းများ၏ ကားများထားရာ ကားရုံကို ပီဒီအက်(ဖ်)အကြမ်းဖက်သမားများက ဇန်နဝါရီလ၂၉ ရက် ညနေ ၃ နာရီ ၄၀ မိနစ်အချိန်၌ လက်လုပ်ဗုံးပစ်သွားကြောင်းသိရသည်။

ပီဒီအက်(ဖ်)အကြမ်းဖက်သမားနှစ်ဦးသည် ဆိုင်ကယ်ဖြင့်လာပြီး ဗိုလ်ချုပ်လမ်းပေါ်မှ လက်လုပ်ဗုံးဖြင့် ပစ်သွားခြင်းဖြစ်ပြီး လက်လုပ်ဗုံးသည်ကားပါကင်ရုံ အမိုးပေါ်သိုကျရောက်ပြီး ပေါက်ကွဲခြင်းမရှိသဖြင့် လုံခြုံရေးတပ်ဖွဲများက ဘေးမြေကွက်လပ်သို ပြောင်းရွှေ့ပြီး အတားအဆီးများပြုလုပ်ကာ ဖောက်ခွဲရှင်းလင်းခဲ့ကြောင်းသိရသည်။