ကျန်းမာရေး သုတေသန”ဖွင့်ပွဲ သို့ နိုင်ငံတော် စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချူပ်၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် က Video Message ဖြင့် အမှာစကား ပြောကြား

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ လူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ညီလာခံ သည် မြန်မာ့ဆေးပညာလောကအတွက် အစဉ်အလာကြီးမားသည့် ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖြစ်၍ ထူးချွန်သော မြန်မာ့ကျန်းမာရေးသုတေသီတို့အတွက် ဂုဏ်ယူပါကြောင်း၊ ယခုနှစ်ညီလာခံ၏ အဓိက ဦးတည်ချက်ခေါင်းစဉ် (Theme) အဖြစ် “တိရစ္ဆာန်မှတဆင့် ကူးစက်နိုင်သောရောဂါများကို တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” ဟုသတ်မှတ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်အချိုးကျဆက်စပ်နေသဖြင့် သုတေသနပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ သုတေသနများဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးရှိမည့် ကျန်းမာရေး သုတေသနများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုတေသနစာတမ်းရှင်များအနေဖြင့် ကျန်းမာရေး အသိပညာဖလှယ်မှု ပိုမိုခိုင်မာ ကျယ်ပြန့်လာစေရန် ညီလာခံသို့ စာတမ်းတင်သွင်းရုံမျှမကပဲ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနတွေ့ရှိချက်များကို ဖော်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။