PDF ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် PDF လက်အောက်ခံ တပ်ခွဲတစ်ခုဖြစ်တဲ့ နဂါးနီတပ်ခွဲရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ယက္ခ ဆိုသူဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်မှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ ၎င်း PDF အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

၎င်းဟာ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ခန့်က ခြောက်ရက်ဆက်တိုက် စစ်ဆင်ရေးပြုလုပ်ရပြီး ပင်ပန်းလွန်းတာကြောင့် စိတ်မတည်မငြိမ်ဖြစ်ကာ အခုလို လုပ်ဆောင်သွားတာလို့ PDF အဖွဲ့တွေက ပြောဆိုထားပါတယ်။

သေဆုံးသူ ဗိုလ်ယက္ခဟာ အသက် ၂၇ နှစ်သာရှိသေးပြီး ဇနီးဖြစ်သူ ကျန်ခဲ့ပေမယ် သား၊ သမီး မရှိဘူးလို့ သိရပြီး ယခုလို ဗိုလ်ယက္ခမဖြစ်ခင်က ဈေးထဲမှာ ကုန်ရောင်းကုန်ဝယ်လုပ်ဆောင်သလို သုံးဘီးမောင်းသူတစ်ဦးလည်းဖြစ်တယ်လို့ PDF တွေရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။