ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာအနီးတွင် PDF များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မနေ့က ညနေ ၄ နာရီခန့်တွင် ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မသင်္ကာ တဲ ၁ လုံးအား တွေ့ရှိ၍ ဝင်ရောက်ရှာဖွေခဲ့ရာ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန်ပြုလုပ်ထားသော

  • လက်လုပ်သေနတ် ၄ လက်
  • လက်လုပ်မိုင်းမျိုးစုံ ၂၅ လုံး
  • RPF လက်မောင်းတံဆိပ် ၂၀ စုံ
  • ဝါးညှပ်ခလုပ် ၁၀ ခု
  • ဆေးထိုးအပ်ဖြင့် ပြုလုပ်ထားသည့် တိုက်မိုင်းခလုပ် ၁၀ ခု
  • ဆားကစ်အုံး ၂ ခု
  • ဒီတိုနေတာ ၁၀ ချောင်း
  • ယမ်းကြိုး ၁ ခွေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။