မြေပဲဆီ နှစ်ကျပ်ခွဲသား

   တစ်နေ့တွင် ကျွန်တော်၏ ရုံးခန်းသို တပ်ရင်းမှူးတပည့် ကျော်အေး မောင် ရောက်လာသည်။ လက်ထဲတွင် စာရွက်ပိုင်းလေးတစ်ခု ပါလာသည်။

   " ဗိုလ်ကြီး..တပ်ရင်းမှူးက စာပေးခိုင်းလိုက်ပါတယ်"

   " ပေး"

   စာရွက်ပိုင်းလေးအား ဖတ်လိုက်သည်။

   " လူလေး... လက်ဖက်သုတ်တွင် ထည့်စားရန် မြေပဲဆီ ခုနစ်ကျပ်ခွဲ သား ပေးလိုက်ပါ"

   စာကတော့ ဒါပါပဲ။ မြေပဲဆီက သက်သာဆိုင်တွင် ရှိပါသည်။ ကပ် သီးကပ်သပ် ခုနစ်ကျပ်ခွဲသား ဆိုတာကြီးကြောင့် စဥ်းစားရခက်နေသည်။ ဘာလို ခုနစ်ကျပ်ခွဲသားပဲ မှာရတာပါလိမ့်။ ဆီချိန်ခွက်တွေကလည်း ငါး ကျပ်သားခွက်က အသေးဆုံးဖြစ်ပြီး တစ်ဆယ်သား နှစ်ဆယ်သား စသည် ဖြင့်သာရှိသည်။ ထိုကြောင့်

   " သက်သာဆိုင်ကိုသွား..ဆရာအောင်ငြိမ်းကိုပြောလိုက်..မြေပဲဆီ တစ်ဆယ်သား ထည့်ပေးလိုက်ပါလို"

   ကျော်အေးမောင် သက်သာဆိုင်ဖက် ထွက်သွားသည့်အတွက် ကျွန် တော်လည်း ရုံးအလုပ်များ ဆက်လုပ်နေသည်။ အိမ်သူဇနီးမယား မရှိသော တပ်ရင်းမှူးကြီးလည်း အစားအသောက် ဆင်းရဲရှာသည်။ တပည့်ကျော် ချက် ကျွေးသမျှ စားနေရရှာ၍ ယခုလို လက်ဖက်သုတ်လေး စား ချင်နေတာ ဖြစ်မည်။ မြေပဲဆီ ရွှရွှလေးနှင့် စားကောင်းပါစေ။

   နာရီဝက်လောက်ကြာတော့ ကျော်အေးမောင် ထပ်ရောက်လာပြန် သည်။ လက်ထဲတွင်လည်း နောက်ထပ် စာရွက်တိုတစ်ရွက် ကိုင်ထားသည်။ ဆေးထည့်သည့် ပုလင်းလိုမျိုး ပုလင်းလေးတစ်လုံးလည်းကိုင်လို။

   " တပ်ရင်းမှူးက စာပြန်ရေးပေးလိုက်ပါတယ်"

   စာရွက်အား ဖတ်ကြည့်လိုက်သောအခါ..

   " လူလေး...ပိုသွားသော မြေပဲဆီ နှစ်ကျပ်ခွဲသား ပြန်ပေးလိုက်တယ်"

   " ဟင်း"

   သက်ပြင်းပင် ချမိသည်။

   " ပေး...ပေး..ဆီပုလင်းပေး၊ တော်ကြာ ပြန်ပေးလိုက်တဲ့ ဆီပုလင်းကို သေချာမသိမ်းဘူးလို့ ပြောဦးမယ်"

   ဆီပုလင်း သေးသေးလေးကို လှမ်းယူရင်း စဥ်းစားနေမိသည်။ ဆီ နှစ်ကျပ်ခွဲသားကို ဘယ်လိုများ ချိန်ပြီး ပြန်ပေးလိုက်တာလဲပေါ့။ မနေနိုင်တော့ မေးမိသည်။

   " နေပါဦး ကျော်အေးမောင်.. မင်းဆရာက ဆီနှစ်ကျပ်ခွဲသားကို ဘယ်လိုများ ပြန်ချိန်ပေးလိုက်တာလဲကွာ"

   " သက်သာဆိုင်က ယူသွားတဲ့ မြေပဲဆီ တစ်ဆယ်သားကို လက်ဖက် သုတ်ပန်းကန်ထဲ ထည့်မလိုလုပ်နေတုန်း ဆီဘယ်လောက်ပေးလိုက်တာ လဲလိုမေးတယ်၊ တစ်ဆယ်သား ပေးလိုက်တာပါလိုပြောတော့ မထည့်နဲ့ဦး တဲ့"

   ကျော်အေးမောင် ပြောတာနှင့် ပိုစိတ်ဝင်စားလာသည်။ ဆရာဘာဆက် လုပ်မှာလဲ။

   " ဘာဆက်ဖြစ်သေးလဲ"

   " ပန်းကန်လုံး လေးလုံးယူခိုင်းပြီး ပါလာတဲ့ဆီ တစ်ဆယ်သားကို အ ညီအမျှ လေးပုံပုံခိုင်းတယ်၊ သုံးပုံကို လက်ဖက်ထဲ ထည့်ခိုင်းတယ်၊ တစ်ပုံ ကိုတော့ ပုလင်းထဲထည့်ပြီး ဗိုလ်ကြီးဆီ ပို့ခိုင်းလိုက်တာပါပဲဗျာ"

   ဆီလေး နှစ်ကျပ်ခွဲသားကိုတောင် အသေးစိတ် ချွေတာတတ်လေသော ဆရာ၏ ဗီဇကိုတော့ အံ့ဩမိပါတော့သည်။