ချောင်းဦးမြို့နယ်ရှိ မူလတန်းကျောင်းအား PDF မှ မီးရှိဖျက်ဆီး

ချောင်းဦးမြိုနယ်၊ မြိုသစ်ရပ်ကွက်ရှိ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်းသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ဘူတာကျေးရွာဘက်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျောင်းဆောင်၏ ပြတင်းပေါက်အား ဖျက်ဆီးကာ ကျောင်းအတွင်း ဝင်ရောက်၍ မီးရှိဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း ကျောင်းဆောင်အဆောက်အဦ၏ ဝါးကပ်မျက်နှာကျက် ၃၂ ပေပတ် လည်ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။