ပခုက္ကူမှာ ဗုံးလုပ်ရင်းပေါက်ကွဲလို့ သားအဖ ၂ ဦးသေဆုံး

ဧပြီလ ၃ ရက်နေ့ ည ၉ နာရီကျော်ခန့်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေကွက်သစ် ၁ လမ်းမှာ ဗုံးလုပ်ရင်း ပေါက်ကွဲခဲ့သဖြင့် ရာဇာဖြိုး (ခ) အာကြီး ၃၇ နှစ်နဲ့ သားဖြစ်သူ ကျော်ဇင်ထွဋ် ၁၄ နှစ်တို့မှာ ပေါက်ကွဲစတွေထိမှန်ပြီး နေရာမှာဘဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။