သုဝဏ္ဏအားကစားရုံအရှေ့ ယာဥ်တိမ်းမှောက်မှုတွင် အမျိုးသားနှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ဧပြီလ ၃ ရက် ည ၁၁ နာရီခွဲ အချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့တွင် Honda Fit ယာဥ်တစ်စီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ပေါင်း ၃ ဦးအနက် အမျိုးသား၂ ဦး သေဆုံးခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း YRO လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူထံက သိရှိရပါတယ်။

သေဆုံးသူအမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ DJ နောင်နောင် (MC Naung Naung) ဖြစ်ပြီး Club မှ ဖျော်ဖြေပြီးအပြန် လမ်းတွင် အရှိန်လွန်မောင်းနှင်မှုကြောင့် ဓာတ်တိုင်အား တိုက်မိကာ ကားမှာ လမ်းနံဘေးရှိ ရေနည်းနေသော ကန်စွန်းခင်းထဲပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကင်းပရဟိတလူငယ်အသင်းနဲ့ ရွှေရောင်တွဲလက် လူမူကူညီရေးအသင်းတွေက သူနာတင်ယာဥ်တွေနဲ့ ကူညီရှာဖွေကယ်ဆယ်ရေးတွေ လုပ်ခဲ့ပြီး ဆေးရုံရောက်တော့ ကျားတစ်ဦး ထပ်ဆုံးသလို မ တစ်ဦးက အရေးပေါ်အခြေအနေပါ”ဟု YRO မှ ဒုတိယ ဥက္ကဋ္ဌဦးမိုးငြိမ်းက ပြောကြားပါတယ်။

သေဆုံးသူတို့ DeadBody နှင့် ထိခိုက်ဒဏ်ရာရသူအား Medical လူငယ်များလူမှုကူညီရေးအသင်း၊ ရန်ကင်းပရဟိတ လူငယ်အသင်းနှင့် ရွှေရောင်တွဲလက် လူမူကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။