ဧပြီလ (၄)ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

🟢 ရေစကြိုမြို့နယ် အမှတ်(၃)ရပ်ကွက်၌ လူမှုကွန်ရက်တွင် သတင်းမှားလှုံ့ဆော်ရေးသားသူ မ-၁ဦးအား ဖမ်းဆီးရမိ။

🔸 ကျောက်တံတားမြို့နယ်၊ (၉) ရပ်ကွက်၊ လမ်း (၄၀) အလယ်ဘလောက်ရှိ ဖုန်းအရောင်းဆိုင်၌ သေနတ်ပြ လုယက်မှုဖြစ်ပွား။

🟢 စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ ငြိမ်းချမ်းကျေးရွာအနီး PDF အကြမ်းဖက် ၁လောင်းနှင့် လက်လုပ်သေနတ် ရရှိ။

🔸 စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ ရတနာအောင်ကျေးရွာအနီး PDF အကြမ်းဖက် ၁လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ။

🟢 စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအနီးတွင် PDF အကြမ်းဖက် ၂လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ။

🔸 ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက် PDF များမှ Drone ဖြင့် ဗုံးချဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း။

🟢 မွန်ပြည်နယ် သထုံမြို့ရှိ ခရိုင် လဝကရုံးအား အကြမ်းဖက် PDF အဖွဲ့မှ မီးရှို့ဖျက်ဆီး။

🔸 ရန်ကုန် လေဆိပ်၌ Grab ကုမ္ပဏီကားများမှအပ တခြားတက္ကစီများ ပါကင်ထိုးခွင့်မပြုတော့ကြောင်း။

🟢 သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်း၌ ဆရာတော်တစ်ပါးနှင့် ဒကာ၊ဒကာမ များလိုက်လာသော မော်တော်ယာဥ်အား အကြမ်း ဖက် PDF အဖွဲ့မှ ဖမ်းဆီး။

🔸 ကော့ကရိတ်မြို့နှင့် မြဝတီမြို့တို့အနီး ပစ်ခတ်မှုဖြစ်ပွားလျက်ရှိနေကြောင်း။

🟢 မကွေးတိုင်း ပေါက်မြို့နယ် ဆယ်ပင်းကျေးရွာ အထကကျောင်းအား PDF အဖွဲ့များမှ ဝင်ရောက် ဖျက်ဆီးသွားကြောင်း။

🔸 နိုင်ငံတော်ဝန်ကြီးချုပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးအား လက်ခံတွေ့ဆုံ။

🟢 အချက် (၅) ချက်ပါဝင်တဲ့ စီးပွားရေးနှင့် ကုန်သွယ်မှု သဘောတူညီချက် မြန်မာ-တရုတ်ယူနန် တို့ လက်မှတ်ရေးထိုး။

🔸 တပ်မတော် နှင့် PDF တို့၏ ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS အဖွဲ့ ထုတ်ဖော်ပြောဆို။

🟢 မကွေးတိုင်း ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက် အောင်သပြေကွက်သစ် ၁ လမ်းနေ နေအိမ်မီးဖိုဆောင်အတွင်း လက်လုပ်ဗုံး ပြုလုပ်နေရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ဦး သေဆုံး။

🔸 မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိ သွယ်တန်းနိုင်မည်ဟု လျှပ်စစ်ဝန်ကြီးပြော။

🟢 ချမ်းအေးသာစံမြို့နယ်ရှိ ကောင်းသန့်လက်ဘက်ရည်ဆိုင်ပိုင်ရှင်အား PDF အကြမ်းဖက် အဖွဲ့မှ ခြိမ်းခြောက်စာပေးပို့။

🔸 မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ရွှေပြည့်ရင်ကျေးရွာနေ ကျား-၁ဦးအား PDF များမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်း။

🟢 မန္တလေးတိုင်း မိထ္ထီလာမြို့နယ် အောင်ဇေယျရပ်ကွက်တွင် ဆီပန့်ဆိုင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား။

🔸 မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးကျေးရွာရှိ စက်သုံးဆီဆိုင်အား အကြမ်းဖက် PDF အဖွဲ့မှ ဓါးပြတိုက်။

🟢 မကွေးတိုင်း ဆောမြို့ သီရီရပ်ကွက်တွင် PDF အကြမ်းဖက် ၁ဦးအား ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ။

🔸 ချင်းပြည်နယ်၊ မတူပီမြို့နယ် ဝလန်ထယ်ကျေးရွာ အနီးတွင်CDF ၂ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ။

နိုင်ငံတကာသတင်းများ

🌍 တင်းမာမှုများရှိနေချိန်တွင် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်။

🌍 အမေရိကန်သံအမတ်ကြီးအနေဖြင့် မိမိနေရာမိမိ သိသင့်ကြောင်း တူရကီသမ္မတ ဝေဖန်ပြစ်တင်။

🌍 ယူကရိန်းမှာ တိုက်ပွဲဝင်နေသည့် စစ်သည်များအတွက် သမ္မတပူတင်က အထူးရန်ပုံငွေတစ်ရပ်ထူထောင်။

🌍 နယ်သာလန်တွင်ရထား၂စင်းတိုက်မိပြီးလူအများအပြားဒဏ်ရာရရှိခဲ့။

🌍 ဖင်လန်နိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် ကြေငြာသွားပြီး ဖင်လန် နယ်စပ်ဒေသတွင် စစ်အင်အား တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရုရှားအစိုးရ အတည်ပြု။

🌍 ထိုင်ဝမ်သမ္မတနှင့် အမေရိကန်လွှတ်တော်ဥက္ကဌတို့ LA၌ တွေ့ဆုံမည်ဖြစ်ကြောင်း တရားဝင်ကြေညာ။