ကမ္ဘာကျော်အဆိုတော် ရှက်ကီရာ အခွန်လိမ်လည်မှုနဲ့ စပိန်မှာ တရားရင်ဆိုင်နေရ

ကမ္ဘာကျော် ပေါ့စ်အဆိုတော် ရှက်ကီရာ ဟာ ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း စပိန်ဝင်ငွေခွန် ယူရို ၁၄.၅ သန်း (အမေရိကန်ဒေါ်လာ ၁၅.၇၄ သန်း) ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ စွဲချက်နဲ့ ဘာစီလိုနာမှာ တနင်္လာနေ့ (နိုဝင်ဘာ ၂ဝ ရက်) က ရုံးတင်စစ်ဆေးခံခဲ့ရပါတယ်။

ရှက်ကီရာ က တရားမစွဲမီက အခွန်ရုံးမှာ ကျန်ရှိတဲ့အကြွေးတွေခဲ့တာကို ပေးဆောင်ခဲ့ပြီးဖြစ်ပြီး သူမဟာ လက်ရှိ အလုပ်နဲ့ လှည့်လည်သွားလာနေတာကြောင့် ဒီကာလအတွင်း စပိန်မှာ နေထိုင်ခြင်းမရှိဘူးလို့ အခိုင်အမာ ဆိုပါ တယ်။ အစိုးရရှေ့နေရုံးကလည်း ကြွေးတင်နေတဲ့ အခွန်တွေကို ပြန်လည်တောင်းခံဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။ ရှက်ကီရာဟာ စပိန်မှာ နှစ်တိုင်းရဲ့ လထက်ဝက်ကျော်လောက် နေထိုင်လေ့ရှိပြီး ၂ဝ၁၂ ခုနှစ် မေလက သူမ ဝယ်ခဲ့တဲ့ ဘာစီလိုနာမှာရှိတဲ့အိမ်ခြံမြေဟာ မိသားစုအိမ်အဖြစ် ထားရှိခဲ့တယ်လို့ ရှေ့နေရုံးက ဆိုပါတယ်။ စပိန်မှာ အစိုးအခွန်ရှောင်မှုဟာ ထောင်ဒဏ် ၈ နှစ်ထိ ကျခံရနိုင်ချေ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စပိန်အာဏာပိုင်တွေဟာ ပေါ်တူဂီကစားသမား ခရစ္စတီယာနို ရော်နယ်ဒို၊ အာဂျင်တီးနားမှ လီယွန်နယ်မက်ဆီနဲ့ ဘရာဇီး-စပိန်ကစားသမား ဒီယေဂိုကော်စတာ တို့ကိုလည်း အခွန်တိမ်းရှောင်မှုနဲ့ လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။